Taungyi - Inlay - Pindaya |
|
Tour Price |
|
Tour Inclusive |
|
Tour Execlusive |
|
ခရီးသည်များ အဆင်ပြေသော စုရပ်တစ်နေရာမှ တောင်ကြီး-အင်းလေး-ပင်းတယ ခရီးစဉ် စတင်ထွက်ခွာပါမည်။ ညလည်စားသုံးဆောင်ရန် အဆင်ပြေသော တစ်နေရာတွင် မိနစ် (၃၀) ခန့် ခေတ္တ ခဏ ရပ်နားပေးပါမည်။ ထို့နောက် ဒုတိယနေ့တွင် ဆက်လက်ထွက်ခွာလာပြီး နံနက်စောစောအချိန်တွင် ကလောမြို့သို့ရောက်ရှိပြီး နံနက်စာသုံးဆောင်ကြပါမည်။ ထို့နောက်ဦးစွာ ကလောမြို့ရှိနီးဘုရား။ မြင်းမထိလှိုဏ်ဂူသို့ သွားရောက်လေ့လာဖူးမြှော်ကြည့်ရှု့ကြပါမည်။ ထို့နောက်ညောင်ရွှေမြို့သို့ ဆက်လက်ထွက်ခွာလာပြီး အင်းလေးကန်သို့ ဆက်လက်လည်ပတ်ကြပါမည်။ နေ့လည်စာကို အင်းထဲရှိ ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်းကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အင်းထဲရှိ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ငါးဖယ်ချောင်ကျောင်း နှင့် ရိုးရာရက်ကန်းရုံသို့ သွားရောက်ဖူးမြှော် လည်ပတ်ကြပါမည်။ ညနေ့ပိုင်းတွင် တောင်ကြီးမြို့ဟိုတယ်သို့ Check In ဝင်ရောက်ပါမည်။ ဟိုတယ်တွင် ခေတ္တအနားယူပြီးနောက် ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ယင်းညကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ (ညလယ်စာ၊ နံနက်စာ ၊ နေ့လည်စာ ၊ ညစာ)
နံနက်စောစောတွင် ဟိုတယ်မှနံနက်စာသုံးဆောင်ပြီးနောက် တောင်ကြီးမြို့တွင် တန်ခိုးကြီး ထင်ရှားသော လက်ရာမြောက်လှသော ထမ့်စမ်းကိုယ်တော်လေးတရားအားထုတ်ရာ ထမ့်စမ်းဂူသို့ သွားရောက်ဖူးမျှော်ကြည့်ညိုလိုက်လံပို့ပေးပါမည်။ နေ့လည်စာကို ဟိုပုန်းရှိ ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ပင်းတယရွှေဥမင်လှိုဏ်ဂူဘုရား၊ ဘုတ်တလုတ်ကန်တို့ကို ဆက်လက်ဖူးမြှော်လည်ပတ်နိုင်ရန် လိုက်လံပို့ပေးပါမည်။ ထို့နောက် ညစာကို တောင်ကြီးမြို့ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြပြီး ခရီးစဉ်ပြီးဆုံးပါမည်။ (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာပြီး နံနက်စာသုံးဆောင်ပြီးနောက် ရန်ကုန်ရွှေမြို့တော်ကြီးသို့ ပြန်လည်ရောက်ရှိပြီး ခရီးစဉ်ပြီးဆုံးပါမည်။