Yangon - Kawthaung - Myeik |
|
Tour Price |
|
Tour Inclusive |
|
Tour Execlusive |
|
ရန်ကုန်မြို့မှ နံနက်စောစောလေယာဉ်ဖြင့် ကော့သောင်းမြို့သို့ စတင်ထွက်ခွာကြပါမည်။ ကော့သောင်းမြို့သို့ ရောက်ရှိပြီးနောက် ကော့သောင်းမြို့ရှိ Victoria Cliff Hotel & Resort သို့ Check In ဝင်ရောက်ကြပါမည်။ ဟိုတယ်တွင် ခေတ္တအနားယူပြီးနောက် ကော့သောင်းမြို့၏ အထင်ကရ နေရာများဖြစ်သော ဝင့်ကြွားထည်ဝါသော ဘုရင့်နောင်ကုန်းမြေ ၊ မြန်မာပြည်၏ အစွန်အဖျားဆုံးဖြစ်သော ဘုရင့်နောင်အငူသို့ သွားရောက်လည်ပတ်ကြပြီးနောက် နေ့လည်စာ သုံးဆောင်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ကော့သောင်းမြို့၏ ကျက်သရေဆောင် ပြည်တော်အေးဘုရားသို့ သွားရောက်ဖူးမြှော်လည်ပတ်ကြပါမည်။ ထို့နောက် စိတ်ကြည့်နူးဖွယ်ကောင်းသော ကော့သောင်းမြို့၏ အလှအပများကို ခံစားကြည့်ရှုနိုင်ရန် ငါးသုံးလုံးတောင်သို့ သွားရောက်လည်ပတ်ကြပါမည်။ ညစာကို ကော့သောင်းမြို့၏ ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ယင်းညကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်မှ နံနက်စာသုံးဆောင်ပြီးနောက် ဆက်လက်ပြီး Speed Boat ဖြင့် ကော့သောင်းမြို့၏ Jetty မှ ညောင်ဦးဖီးကျွန်းသို့ နံနက် ၈နာရီတွင် စတင်ထွက်ခွာပြီး သဘာ၀ အလှအပများတည်ရှိရာ စိမ်းလဲ့ကြည်လင်သော ပင်လယ်ရေအောက်ကမ္ဘာရှိ သန္တာကျောက်တန်းများကို လေ့လာကြည့်ရှုရန် Madame Beach (ခေါ်) သူေဋ္ဌးမကမ်းခြေတွင် Snokeling လုပ်ရန် ထွက်ခွာကြပါမည်။ နေ့လည်စာကို Victoria Cliff Resort တွင် ပျော်ရွှင်စွာသုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Snorkeling လုပ်ရန် ရဲမက်ကျွန်း နှင့် ပင်လယ်ရေအောက်တွင် သဘာဝအတိုင်းကူးခတ်နေသော Nemo Fish (နီမို ပင်လယ်ငါး)များ ကြည့်ရှုလေ့လာရန် နီမိုအော်သို့ သွားရောက်ကြပါမည်။ ညစာကို ညောင်ဦးဖီးကျွန်းရှိ Victoria Cliff Resort ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ယင်းညကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်မှ နံနက်စာသုံးဆောင်ပြီးနောက် ညောင်ဦးဖီးကျွန်းပတ်ခရီးစတင်ကြပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် တောင်ဘက်ခြင်း၊ ကယက်လှေလှော်ခြင်း (သို့) ဓါတ်ပုံရိုက်ခြင်းများကို စိတ်ကြိုက်ရွေးချယ်ပြုလုပ်နိုင်ပါသည်။ (တောင်ဘက် Guide Fee နှင့် ကယက်လှေငှားခများ Package Feee တွင် မပါဝင်ပါ)။ နေ့လည်စာကို ကျွန်းပေါ်တွင် ပျော်ရွှင်စွာသုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် သူေဋ္ဌးကျွန်း 5 star အဆင့်ရှိ Grand Andaman Resort သို့ဆက်လက်ထွက်ခွာပြီးနောက် ဟိုတယ်သို့ Chech In ဝင်ရောက်ကြပါမည်။ Grand Adaman Resort Hotel သည် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်ပြီး ကာစီနိုဝိုင်းများ ၊ Slot Machine များကို ဝင်ရောက်လေ့လာ ကစားနိုင်ပါသည်။ ထို့နောက် ညစာကို သူေဋ္ဌးကျွန်းတွင် သုံးဆောင်ပြီးနောက် ယင်းညကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
ဟိုတယ်မှ နံနက်စာသုံးဆောင်ပြီးနောက် Check Out လုပ်ပြီးနောက် ကော့သောင်းမြိုံ့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြပြီး ခရီးစဉ်ပြီးဆုံးပါမည်။ (ကျွန်းများသို့ Snokelling သွားရာတွင် ရာသီဥတုအခြေနေပေါ်မှုတည်ပီး ကျွန်းသွားရာ အစီအစဉ်များ ပြောင်းလဲနိုင်ပါသည်။)