Ngwe Saung |
|
Tour Price |
|
Tour Inclusive |
|
Tour Execlusive |
|
ခရီးသည်များအဆင်ပြေသောစုရပ်တနေရာမှ ည (၁၂) နာရီခန့်တွင် ငွေဆောင်ကမ်းခြေခရီးစဉ် စတင်ထွက်ခွာ ကြပါမည်။ ထို့နောက် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်သို့ Check-In ဝင်ရောက်ကြပါမည်။ နေ့လည်စာကို ငွေဆောင်ကမ်းခြေရှိ ဒေသခံစားသောက်ဆိုင်တွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်ကြပါမည်။ ထို့နောက် ကမ်းခြေတွင် လွတ်လပ်ပျော်ရွှင်စွာ ရေကစားကြပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အနားယူအိပ်စက်နိုင်ပါသည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ချစ်သူများကျွန်းသို့ သွားရောက်လည်ပတ်ချင်သူများသွားရောက်လည်ပတ်နိုင်ကြပါမည်။ ငွေဆောင်ကမ်းခြေရှိ ဒေသခံစားသောက်ဆိုင်တွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်ကြပါမည်။ ထို့နောက် ကမ်းခြေတွင် စက်ဘီးစီးခြင်း၊ လမ်းလျောက်ခြင်း၊ မြင်းစီးခြင်း စသည့်ဖြင့် လွတ်လပ်စွာ အပန်းဖြေနိုင်ကြပါသည်။ ညနေစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်ကြပြီး ဟိုတယ်တွင် အေးချမ်းစွာ အနားယူအိပ်စက်နိုင်ပါသည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရွာထဲ့သို့ အမှတ်တရ လက်ဆောင်ပစ္စည်းများ သွားရောက်ယူလည်ပတ်နိုင်ကြပြီး ဟိုတယ်တွင် အနားယူချင်သူများနားနေနိုင်ပါသည်။ ထို့နောက် နေ့လည်စာကို ငွေဆောင်ကမ်းခြေရှိ ဒေသခံစားသောက်ဆိုင်တွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ကြပြီးနောက် ရန်ကုန်ရွှေမြို့တော်ကြီးသို့ ဆက်လက်ထွက်ခွာလာကြပြီးဆုံးပါမည်။