Inbound Packages

Pha Ann Day Return Trip

Tour Price
  • -

Tour Inclusive
  • - ခရီးစဉ်တစ်လျှောက် အသုံးပြုရန် လေအေးပေးစက်ပါဝင်သော (၄၅) ယောက်စီးကား ၊ ဆဒ္ဒန်ဂူသွား ၊ လှေစီးခများ နှင့် ကားခများ။

    - အစားအသောက် ဝန်ဆောင်မှု့

    ညလည်စာ ၊ နံနက်စာ ၊ နေ့လည်စာ နှင့် ညစာ။

    -အပိုဝန်ဆောင်မှု့

    ရေသန့်၊ သွားတိုက်တံ/ ဆေး နှင့် စနိုးတာဝါများ။

    လိုအပ်သော ဆေးဝါပစ္စည်းများ။

Tour Execlusive
  • - ခရီးစဉ်တွင် ဖေါ်ပြမထားသော လည်ပတ်မှု့များ။

    - မိမိမှ အပိုထပ်ဆောင်းမှာယူသော အစားအသောက် နှင့် အချိုရည်များ။

    - တစ်ကိုယ်ရေသုံးစွဲမှု့များ။


ဘားအံဘုရားစုံ နေ့ချင်းပြန် ခရီးစဉ်

ခရီးသည်များ အဆင်ပြေသောစုရပ်တစ်နေရာမှ ည (၉) နာရီခန့်တွင် ဘားအံဘုရားစုံ နေ့ချင်းပြန် ခရီးစဉ် စတင်ထွက်ခွာကြပါမည်။ ညလည်စာသုံးဆောင်ရန် အဆင်ပြေသောတစ်နေရာတွင် ရပ်နားပေးပါမည်။ ညလည်စာ သုံးဆောင်းပြီးနောက် ခရီးစဉ်ပြန်လည်ထွက်ခွာပါမည်။ ထို့နော် နံနက်စာကို ကျောက်ကလပ် ရှိ ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် ကျောက်ကလပ်ဘုရားသို့ သွားရောက်ဖူးမြှော်ကြပါမည်။ ဆက်လက်ပြီး ဇွဲကပင်တောင်နှင့် လုံမဏဉာယျာဉ် ၊ ဂူ ငါးဂူ ဖြစ်သော ကော့ကသောင်ဂူ ၊ ဆဒ္ဒန်ဂူ တို့ကို သွားရောက်လေ့လာဖူးမြှော်ကြပါမည်။ ဖူးမြှော်ကြည့်ညိုပြီးနောက် နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ကြပြီးနောက် ရွှေရင်မျှော်စေတီ၊ ရသေ့ပြန်ဂူ၊ ကော့ဂွန်းဂူ ၊ ဘုရင့်ညီနောင်ဂူ စသည်တို့ကို ဆက်လက်ဖူးမြှော်ကြပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် ရန်ကုန်ရွှေမြို့တော်ကြီးသို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိပြီး ခရီးစဉ်ပြီးဆုံးပါမည်။