Yangon - Seoul - Yangon |
|
Tour Price |
|
Tour Inclusive |
|
Tour Execlusive |
|
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Hong Kong သို့ Dragon Airline ဖြင့် စတင်ထွက်ခွာပြီး transit ဖြတ်သန်းကာ တောင်ကိုရီးယားနိုင်ငံ Seoul မြို့ သို့ ဆက်လက်ထွက်ခွာ ပါမည်။ တောင်ကိုရီးယားနိုင်ငံ Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး City Tour စတင်လည်ပတ်ပါမည်။ ဦးစွာ Seoul မြို့၏ ကျော်ကြားလှတဲ့ ဆောင်ဒိုပြည်သူ့ပန်းခြံမှာ သွားရောက်၍ အပန်းဖြေပါမည်။ ညစာကို ကိုရီးယားရိုးရာ ခေါက်ဆွဲဖြင့်သုံးဆောင်ပြီး နာမည်ကျော် ဒုံဒဲမွန်ဈေးမှာ သွားရောက်၍ ဈေးဝယ်ထွက်ပါမည်။ ထို့နောက် 4-Star ဟိုတယ် တွင် Check In ဝင်၍ အိပ်စက် အနားယူပါမည်။
ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ဧကပေါင်း 250ကျော် ကျယ်ဝန်းသော တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး Everland ကစားကွင်းကြီးတွင် တစ်နေ့တာ ပျော်ပါးစွာ သွားရောက် အပန်းဖြေ ကစားနိုင်ရန် စီစဉ်ပေးထားပါသည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်၍ အိပ်စက် အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Seoraksan National Park သို့ Cable car ဖြင့် သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲများ ရိုက်ကူးရာ အလွန်သာယာလှပသော Nami ကျွန်းသို့သွားရောက် လည်ပတ် ပါမည်။ ညစာကို အရသာရှိလှသော ကိုရီးယားရိုးရာ အစားအစာများဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ် သို့ ပြန်၍အိပ်စက် အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားရုပ်ရှင်များထဲတွင် ပါဝင်သော ကိုရီးယားသမ္မတရုံးထိုင်ရာ အိမ်ပြာတော်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကမ္ဘာကျော် ကိုရီးယားဂျင်ဆင်းရောင်းချရာ Ginseng Center သို့သွားရောက်၍ ဈေးဝယ်ထွက်ပြီးနောက် ကိုရီးယားနိုင်ငံ၏ အထင်ကရနေရာတစ်ခု ဖြစ်သော Deoksugung နန်းတော်သို့သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် နာမည်ကျော် ကိုရီးယားအလှကုန်များရောင်းချရာ Cosmetic shop သို့သွားရောက်ဈေးဝယ်ထွက်ပါမည်။ ညနေပိုင်းမှာတော့ Seoul မြို့၏ အလှကို အပေါ်စီးမှ မြင်တွေ့နိုင်မည့် N Seoul Tower သို့သွားရောက်ကာ အပန်းဖြေ အနားယူပါမည်။ ညစာကို Korean BBQ ဖြင့်သုံးဆောင်ပြီးနောက် နီယွန်မီးအလှများဖြင့် အလှဆင်ထားသော Seoullo 7017 မိုးမြင့်ပန်းခြံသို့ သွားရောက် လည်ပတ်ပြီး ဟိုတယ်တွင် ပြန်၍ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများ ရရှိနိုင်သော Healthy Liver, ကိုရီးယား စစ်သမိုင်းကို လေ့လာနိုင်မည့် War Memorial Museum စသောနေရာများသို့ ဦးစွာ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို အရသာရှိသော ပင်လယ်စာဖြင့် သုံးဆောင်ပြီးနောက် Porphyra product factory, Insadong District စသောနေရာများကို သွားရောက်ပါမည်။ ရင်သပ်ရှုမောဖွယ် ရသမျိုးစုံ ခံစားနိုင်သော ကိုရီးယားနိုင်ငံ၏ နာမည်ကျော် Nanta show ကိုသွားရောက်ကြည့်ရှုပါမည်။ ထို့နောက် နာမည်ကျော်ကာတွန်းဇာတ်ကောင်များ၏ အငွေ့အသက်များရှိရာ Songwol-dong Fairy Tale Village သို့သွားရောက်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ပြန်လည်၍ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားရိုးရာ အမွေအနှစ်များနှင့် ပြည့်နှက်နေသော Bukchon Hankok ကျေးရွာသို့သွားရောက်လည်ပတ်ရင်း ရိုးရာအစားအစာဖြစ်သော ကင်မ်ချီပြုလုပ်ပုံများကို လေ့လာပြီးနောက် နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Flight Check In ဝင်ကာ Hong Kong မှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။