Outbound Packages

Hanoi - Ha Long - Sapa - Da Nang - Ba Na Hill - Saigon ( 8N/9D )

Tour Price
Tour Inclusive
  • - Yangon – Hanoi – Da Nang – Saigon – Yangon flight ticket

    - Accommodation: Hotel in twin/ double sharing room with 3* hotel & Topas Resort with infinity pool.

    - Transportation on air-conditioner vehicles.

    - Cable car to BA NA Hill

    - Boat fees private one in Halong as mentioned in the program.

    - English speaking guide

    - Entry fees for all sightseeing as mentioned on the program

    - Breakfasts, Lunches and dinners

    - Fresh water

Tour Execlusive
  • - Personal expenses: Tel, Fax, Mini Bar, Laundry,etc.


DAY 1 YANGON - HANOI

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗီယက်နမ်နိုင်ငံ Hanoi မြို့သို့ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။ Hanoi လေဆိပ်တွင် guideမှ လာရောက်ကြိုဆိုပြီး West Lake, Tran Quoc Temple, Hoan Kiem Lake စသောနေရာများသို့ ဦးစွာသွားရောက် လည်ပတ်ပါမည်။ ထို့နောက် 36 Hanoi Old Quarters သို့သွားရောက်၍ ဈေးဝယ်ထွက်ပြီး French Opera တွင် ဗီယက်နမ်ရိုးရာ Water Puppet Show ကိုသွားရောက်ကြည့်ရှုပါမည်။ ညစာကို စားသောက်ဆိုင်တွင် သွားရောက်သုံးဆောင် ပြီးနောက် Hotel တွင်ပြန်လည် အိပ်စက်ပါမည်။



DAY 2 HANOI – HALONG

Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် Ho Chi Minh Mausoleum, One Pillar Pagoda, Vietnam နိုင်ငံရဲ့ပထမဆုံးကျောင်းတော် Temple of Literature စသည့် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင် တွင် သုံးဆောင်ပြီးနောက် Halong Bay သို့ ဆက်လက် သွားရောက် ပါမည်။ ညစာကို စားသောက်ဆိုင် တွင် သုံးဆောင်ပြီးနောက် Halong ညဈေးသို့ သွားရောက်၍လွတ်လပ်စွာ ဈေးဝယ်နိုင်ရန် စီစဉ်ပေးထားပါသည်။ ထို့နောက် Hotel တွင်ပြန်လည် အိပ်စက်ပါမည်။



DAY 3 HA LONG - HA NOI

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီး ဟလောင်းဆိပ်ကမ်းမှ တဆင့် အထင်ကရနေရာများ ဖြစ်သည့် Paradise Grotto, Kissing Chicken Rock နှင့် Fisherman Villageများ လည်ပတ်ရန် ဟလောင်းပင်လယ်အော် တစ်လျှောက် လေးနာရီကြာ Cruise စီးပြီး လည်ပတ်မှု စတင်မှာ ဖြစ်ပါတယ်။ နေ့လည်စာကို သန့်ရှင်း လတ်ဆတ်လှသော ဟလောင်းပင်လယ်စာ များဖြင့်ဧည့်ခံမှာ ဖြစ်ပြီး သင်္ဘောပေါ်တွင် Vietnam Coffee သုံးဆောင်ကာ သဘာ၀ အလှတရားများကိုကြည့်ရှု့ ခံစားနိုင်မည် ဖြစ်ပါသည်။ ထို့နောက် ဟနွိုင်းမြို့ပေါ်သို့ ပြန်လည် ရောက်ရှိ၍ ညစာသုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။



DAY 4: HANOI – LAO CAI – CAT CAT VILLAGE – SAPA

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Sapa သို့ ၄နာရီခွဲ ခန့်ကားမောင်း ရောက်ရှိပါမည်။ Sapa သို့ နေ့လည်ခန့် ရောက်ရှိချိန်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် လယ်ယာလုပ်ငန်းများနှင့် ခြံမွေးတိရစ္ဆာန်များ ဖြစ်သည့် ကြက်၊ ဝက် နှင့် ကျွဲများ ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်သည့် H’Mong Villagers ရွာသူရွာသားများ နေထိုင်ရာ (Cat Cat Village) ရွာသို့ တောင်ကြားများမှတဆင့် ခြေလျှင်လျှောက်သွားပါမည်။ထို့အပြင် ၂၀ ရာစုနှစ်စောပိုင်းတွင် ပြင်သစ်များ တည်ဆောက်ခဲ့သော Hydro Electric Power Station ရေအားသုံးလျှပ်စစ်ထုတ်လုပ်သည့် ဆည်မြောင်းကြီး ကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါသည်။ ၎င်းမှတဆင့် လှပသော တောင်ကျရေတံခွန်တွင် သွားရောက်ခေတ္တအနားယူပါမည်။ ထို့နောက် Sapa မြို့သို့ ပြန်လည်ရောက်ရှိကာ Sapa Church တွင်ဝင်ရောက်လေ့လာ၍ Sapa Minority People Market တွင် ဈေးလှည့်လည်ဝယ်ယူနိုင်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် infinity pool ပါဝင်သော Topas Resort ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။



DAY 5: SAPA – LAO CHAI – TA VAN VILLAGE – HANOI

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Infinity Poolတွင် လွတ်လပ်စွာ ရေကူးအပန်းဖြေပါမည်။ ထို့နောက် ချစ်စဖွယ်ရိုးရာဓလေ့များနှင့် ဖြူစင်သော ရွာသူရွာသားများ နေထိုင်ရာ Lao Chai နှင့် Ta Van ရွာများသို့ အလွန်လှပသော တောတောင်သဘာ၀ ရေတံခွန်များ တောင်ကြားလမ်းများမှ trekking သွားရောက်ကာ Black H’Mong နှင့် Dzay လူမျိုးများ၏ လူမှု့ဘဝများကို လေ့လာတွေ့ရှိနိုင်မည် ဖြစ်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့သို့ ပြန်လည်ကာ အိပ်စက်အနားယူပါမည်။



DAY 6 : HANOI - DA NANG - BA NA HILL

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Da Nangမြို့သို့ ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။ Danang လေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး တိမ်တိုက်များကြားမှ သုခဘုံလေးဖြစ်တဲ့ Ba Na တောင်ပေါ်သို့ အာရှတိုက်ရဲ့ အရှည်ဆုံး Cable car ကိုစီးပြီးသွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ တောင်ပေါ်ရှိ နာမည်ကျော် Sakyamuni ဘုရား , ပြင်သစ်လက်ရာ အဆောက်အဦးများ, အလွန်လှပသော ပန်းခင်းလေးများကို တိမ်တွေကြားထဲမှာမြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ အပြန်လမ်း တစ်လျှောက်မှာလဲ သဘာဝတောတောင် ရှုခင်းများကို Cable car ပေါ်က ရှုစားနိုင်ဦးမှာ ဖြစ်ပါတယ်။ ထို့နောက် Son Tra Peninsula ရှိ Linh Ung Pagoda ကိုသွားရောက်ဖူးမျှော်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ပြန်လည် ၍ အိပ်စက်အနားယူပါမည်။



DAY 7 : DA NANG - SAIGON

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Da Nang လေဆိပ်မှ တစ်ဆင့် Saigon မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ Saigon မြို့ရှိလေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး အဓိက လည်ပတ်စရာ နေရာများဖြစ်ကြသော Notre Dame ဘုရားရှိခိုးကျောင်း၊ ရှေးဟောင်းစာတိုက်ကြီး၊ French Opera House ၊ War Museum စသောနေရာများကို သွားရောက် လည်ပတ်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ပြန်လည်၍ အိပ်စက်အနားယူပါမည်။



DAY 8 : SAIGON - ME KONG

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Saigon မြို့မှ 75km အကွာတွင်ရှိသော Vinh Trang Pagoda သို့ သွားရောက် ်လည်ပတ်ပါမည်။ ထို့နောက် Mekong မြစ်တစ်လျှောက် လှေစီး အပန်းဖြေရင်း Thai Son Island, The Fruit Garden စသောနေရာများသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Saigon မြို့သို့ပြန်လာပြီး လွတ်လပ်စွာ ဈေးဝယ်ထွက်နိုင်ရန် စီစဉ်ပေးထားပါသည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ပြန်လည်၍ အိပ်စက် အနားယူပါမည်။



DAY 9 - SAIGON - YANGON

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Saigon မြို့ရှိ လေဆိပ်သို့ သွားရောက်ကာ မနက် 10:40 လေယာဉ်ဖြင့်မြန်မာနိုင်ငံသို့ ပြန်လာပြီး ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။