Outbound Packages

Yangon - Ho Chi Minh - Mui Ne - Da Lat

Tour Price
Tour Inclusive
  • - Yangon - Ho Chi Minh - Yangon flight ticket

    - Accommodation: Hotel in twin/ double sharing room

    - Transportation on air-conditioner vehicles.

    - Slide coaster in Datanla water fall

    - Cable car in Dalat

    - Myanmar speaking TourLeader.

    - Entry fees for all sightseeing as mentioned on the program.

    - Breakfasts, Lunches and dinners

    - Fresh water

Tour Execlusive
  • - Single room, drinks, tip, personal expenses and all services not mentioned.


DAY 1: YANGON - HO CHI MINH

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Vietnam နိုင်ငံ၏မြို့တော် Ho Chi Minh သို့ နေ့လည် 01:00 တွင်စတင်ထွက်ခွာပြီး ညနေ 03:45 တွင် ဟိုချီမင်းမြို့သို့ ရောက်ရှိပါမည်။ လေဆိပ်တွင် Guide မှလာရောက်ကြိုဆိုပြီး ဘုရားရှိခိုးကျောင်း၊ Saigon စာတိုက်ကြီး စသောနေရာများသို့ သွားရောက်လေ့လာပါမည်။ ညစာကို Saigon မြစ်ထဲရှိ cruise ပေါ်တွင် သုံးဆောင်ပြီး Ben Thanh ညဈေးတွင် သွားရောက်၍ ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ဟိုတယ်တွင် ပြန်လည်၍ အိပ်စက်အနားယူပါမည်။



DAY 2: HO CHI MINH - MUI NE BEACH

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Mui Ne ကမ်းခြေသို့ စတင်ထွက်ခွာပါမည်။ Mui Ne သို့ရောက်ရှိလျှင် နေ့လည်စာကို စားသောက်ဆိုင်တွင်သုံးဆောင်ပြီး Hotel တွင် Check in ဝင်ပါမည်။ ထို့နောက် Mui Ne ကမ်းခြေတွင် လွတ်လပ်စွာ အပန်းဖြေနိုင်ရန် စီစဉ်ပေးထားပါသည်။ ညနေစောင်းတွင် Fairy stream, Fishing villages တို့ကိုသွားရောက်ပြီး အဖြူရောင် အနီရောင်သဲတို့ဖြင့် လှပနေသော သဲသောင်ပြင်ပေါ်တွင် သွားရောက်၍ ညနေ နေဝင်ချိန်အလှကို ခံစားပါမည်။ သဲသောင်ပြင်တစ်လျှောက် ပျော်ပါးစွာ လည်ပတ်ပြီး ညစာကို စားသောက်ဆိုင်တွင် သွားရောက်သုံးဆောင်ပါမည်။ ထို့နောက် Mui Ne ရှိဟိုတယ်တွင် ပြန်လည်၍ အိပ်စက်အနားယူပါမည်။



DAY 3: MUI NE - DA LAT

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Vietnam နိုင်ငံရဲ့ ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ Da Lat မြို့သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် hotel တွင်သွားရောက် check in ဝင်ပါမည်။ ထို့နောက် Robin Hill သို့ cable car ဖြင့်တက်ရောက်ကာ Tuyen Lam lake, Truc Lam Pagoda, crazy house, valley of love ပန်းဥယျာဉ် စသောနေရာများကို သွားရောက်လည်ပတ်ပြီး Dalat ဈေးတွင်သွားရောက်၍ ဈေးဝယ်ထွက်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ပြန်လည်၍ အိပ်စက်အနားယူပါမည်။



DAY 4: DA LAT - HO CHI MINH

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Da Lat မြို့တော်ပန်းဥယျာဉ်၊ Datanla ရေတံခွန်၊ သစ်တောအုပ်အတွင်း လှည့်ပတ်စီးနင်းရသော မိုးပျံရထားတို့ကို သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ လမ်းတစ်လျှောက်တွင် Vietnam coffee ရောင်းချရာနေရာများသို့ ဝင်ရောက်ကာ Vietnam ကော်ဖီနှင့် လဖ ္ဘက်ရည် အရသာကို မြည်းစမ်းကြည့်နိုင်မှာ ဖြစ်ပါတယ်။ ညစာကို ဟိုချီမင်းမြို့ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ပြန်လည်၍ အိပ်စက်အနားယူပါမည်။



DAY 5: HO CHI MINH - YANGON

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကာ မနက် 10:40 လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာပြီး ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။